Wednesday, 31 December 2014

ခံစား​နေမိတယ်

ဒီည ချစ်​က မင်​ဂလာညချမ်း​လေးပါလို့​တောင်​ နှုတ်​ဆက်​မသွားဘူး..ကို့ရင်​မှာ ပူ​လောင်​စွာ ခံစား​ရပြီး ဝမ်းနည်း​နေမိတယ်​...​စိတ်​တိုမိတာ​တော့ အမှန်​ပဲ...ဒါ​ပေမဲ့ ရန်​မဖြစ်​ချင်​ဘူး...ကို့လို မခံစား​စေချင်​ဘူး ထားပါတယ်​..ချစ်​မိ​တော့လည်း ခံစားမူက ရလာတယ်​..ကိုပဲမှားတာပဲ..အပြစ်​လည်းမတင်​​တော့ဘူး...စကားမ​ပြောချင်​တာလို့ပဲ နားလည်​​ပေးလိုက်​မယ်

Friday, 26 December 2014

ပျော်​​နေတယ်​..ဒီ​နေ့

ချစ်​​လေး​နေမ​ကောင်းဘူး..​ခေါက်​ကိုက်​​နေတယ်​..ဂရုစိုက်​တဲ့စကား​လေး​တွေ တစ်​​ယောက်​ကို တစ်​​ယောက်​​ပြော​နေရလို့ အရမ်း​ပျော်​​နေပါတယ်​..ချစ်​လည်း ကိုနဲ့ထပ်​တူ​ပျော်​​နေမယ်​လို့ ထင်​ပါတယ်​:-) :-) :-) :-) :-)

Thursday, 25 December 2014

Tuesday, 23 December 2014

စိတ်​​ပြေလက်​​ပျောက်​ အားတင်းစကား

.ငါဟာ​ယောက်​ကျားတစ်​​ယောက်​...အားတင်းထား...ဘာလို့အားငယ်​စရာ​တွေ ​တွေး​နေအုံးမှာလည်း...ခုစာ​ရေး​နေတဲ့အချိန်​...ငါမျက်​ရည်​ဝဲ​နေပြီး​ပေါ့...အံပဲကြိတ်​ထားရမလား...ဟာတိုက်​ပြီးပဲ ရယ်​ရမလား..ငါ့ဝမ်းနည်းမူ​တွေ ​ပြေ​ပျောက်​ဖို့အတွက်​.....အားတတ်​စရာ​စာ​ပေ​တွေ ဖတ်​​နေ​ပေမဲ့လည်း ခနပဲ ရဲ့ရင်​တတ်​ကြွစိတ်​က ခနပါ....ဘာဖြစ်​လို့ စိတ်​ကမခိုင်​ရတာလည်း....ငါ့စိတ်​ကို..ဘာလို့ငါမထိန်း​နိုင်​ရတာလည်း...အာ့မျက်​​ရေ​တွေကို ငါမုန်းတယ်​...ငါအားတင်းထားရမယ်​...ပစ္စုပ္ပန်​မှာပဲ ငါ​ပျော်​​ပျော်​ရွှင်​ရွှင်​​နေပြီး အနာဂတ်​ရဲ့အခက်​အခဲ​တွေ ​ဖြေရှင်းနိုင်​ရမယ်​...လူတိုင်းအပူ​သောက ရှိကြတာပဲ...ငါရဲ့အပူ​သောက က သူ​များ​တွေထက်​ မဆိုး​သေးပါဘူး​နော်​...ဘာမဟုတ်​တဲ့ ငါ့ရဲ့အပူ​သောကကို ခံစားမ​နေနဲ့​တော့...ok...လက်​တီးတင်းတင်းဆုပ်​ပြီး ငါဟာ ​ယောက်​ကျားကွ....စိတ်​ဓာတ်​ကျတဲ့အခါ...အားငယ်​တဲ့အခါ..ငါ့မျက်​ရည်​မကျရဘူး....အမှားဆိုတာ လူတိုင်း မှားတတ်​ကြတာပဲ...အဲ့ဒီအမှား​ကြောင့်​ အားငယ်​စရာမှမဟုတ်​တာ...ဘယ်​အလုပ်​ပဲ စပြီးလုပ်​လုပ်​ မလုပ်​တတ်​ခင်​ မှားတတ်​ကြတာပဲ...ဝမ်းနည်းမူ​တွေကို နာကျင်​စရာအဖြစ်​ ပိုတိုးပြီး ကြိုးစားရမယ်​...ok...

Sunday, 21 December 2014

ချစ်​အတွက်​....

ချစ်​စိတ်​က ဖြစ်​​ပေါ်လာတဲ့ ခံစားချက်​​လေး​တွေကို ဒီ​နေရာမှာ စာအဖြစ်​ သို့မဟုတ်​..ချစ်​ဖြစ်​ချင်​တဲ့ ဆန္ဒ​လေး​တွေကို ​ရေးထားခဲ့​နော်​...ချစ်​...အမှတ်​တရ​နေ့​လေး​တွေ ​ပျော်​စရာ​နေ့​လေး​တွေကိုလည်း ​ရေးမှတ်​ထား​နော်​...ချစ်​...